JAVA Programming ဆိုတာ ဘာလဲ (1) ?

on Tuesday, June 25, 2013
 java Programming ကို Sun ဟာ 1995 မေလ မှာစတင်ပြီးတော့ ထုတ်ခဲ့ပါတယ်။

JAVA Programming ဟာ High-Level Programming ထဲကတစ်ခုအပါအ၀င်ပဲဖြစ်ပါတယ်။

High-Level Programming ထဲမှာအခြားပါဝင်သော Language တွေလဲ အများကြီးရှိပါသေးတယ်။

ဥပမာ။   ။ C#, C++, VB.net တို့လိုမျိုးအများကြီးဖြစ်ပါတယ်။

Programming Language တွေကို ခွဲခြားစိတ်ဖြာမယ်ဆိုရင်တော့

ယေဘုယျအားဖြင့်သုံးမျိုးခွဲခြားလို့ရနိုင်ပါတယ်။

အပေါ်ကတင်ပြထားတဲ့ High Level Programming Language နဲ့နောက်နှစ်ခုကတော့

Machine Language နဲ့ Assembly Language တို့ပဲဖြစ်ပါတယ်...

အခုခေတ်မှာရေပန်းစားနေတာတွေကတော့ High Level Language တွေပဲများပါတယ်...


ဘာလို့ရေပန်းစားလာလဲဆိုရင်တော့ အခြား Language များနင့်စာလျှင် High Level Language က

ပိုပြီးရေးရတာအဆင်ပြေတယ်။ ပြီးတော့ စက်အမျိုးမျိုးပြောင်းသွားပါစေ အလုပ်လုပ်နိုင်တာကြောင့်ဖြစ်

ပါတယ်။ Machine Language တို့ဘာတို့ဆိုရင် စက်ပြောင်းတာနဲ့လိုက်ပြောင်းပေးရတဲ့အခက်အခဲ

တွေအများကြီးကြုံတွေ့ရပါတယ်။

ကဲ Programming ကိုယေဘုယျအားဖြင့်လေ့လာမယ်ဆိုရင်တော့ ဒီ Life Cycle ကနေ အရင်လေ့လာသင့်

ပါတယ်။

Program Development Life Cycle (PDLC)

1 . Problem Defination  (ပြသာနာတစ်ခုဖြေရှင်းရမယ်ပေါ့ဗျာ)

2. Problem Analysis       (တွက်ချက်စရာတွေတွက်ချက်,တွေးသင့်တာတွေတွေးပေါ့)

3. Algorithm , Flow Chart Or System Design (အခေါ်အ၀ါ်တွေကတော့အများကြီးပါပဲ)

Algorithm ဆိုကတော့  ဒီဇိုင်း ပုံဆွဲရတာမျိုးလို့လွယ်လွယ်ပြောလို့ရပါတယ်။

ဥပမာ။     ။ အင်ဂျီနီယာတွေ တိုက်မဆောက်ခင်ဒီဇိုင်းဆွဲသလိုပပါပဲ။ ဒါဆွဲပြီးမှ Coding
                လိုက်ထည့်တာပေါ့။

4.  Coding & Debugging (Coding တွေထည့်မယ် Error တက်တာတွေကိုပြန်စစ်မယ်)


နံပါတ် (၁) မှာတော့ဒီလောက်ပဲလေ့လာကျတာပေါ့။

ကျွှန်တော်အယူအဆတွေလဲ မှားကောင်းမှားနိုင်ပါတယ်။






1 comments:

Unknown said...

အစဉ်လိုက် ပေးပါလား
java သင်ခန်းစာကိုလေ
ရမလား ကျွန်တော် အခုမှ စတင်လေ့လာမှာမို့ပါ
ရရင်တော့ကောင်မှာပေါ့နော်

Post a Comment